နေပြည်တော် ၁၀  ဇွန်

 

MARGA GROUP မှ ကျင်းပသော THE CENTRAL ၏ လူနေအိမ်ခန်းတာဝါ အမှတ်(၁) အပေါ်ဆုံးထပ် ကွန်ကရစ်ခင်းပြီးစီးခြင်း အထိမ်းအမှတ်အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ၊ ရန်ကင်းမြို့နယ် ၊ ကမ္ဘာအေးဘုရား လမ်းရှိအမှတ် (၇) ၊ (၈) THE CENTRAL အရောင်းပြခန်း၌ ကျင်းပသည်။

 

အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မှ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ ၊ အသင်းအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များ ၊ MARGA CENTRAL မှ ဥက္ကဌနှင့် တာဝန်ရှိသူများ ၊ လုပ်ငန်းရှင်များ ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

1

 

အစီအစဉ်အရ MARGA GROUP မှ ဥက္ကဌကကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆောက်လုပ်ရေးဝန်ကြီးဌာနအား ကိုယ်စားပြု၍  Dr. Stephen Suen နှင့်အဖွဲ့သားများ အားထုတ်ကြိုးပမ်းမှုဖြင့် ယနေ့မှတ်တိုင်သစ် စိုက်ထူနိုင်တာကို အထူးဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ကြိုဆိုပါကြောင်း။ Marga Group အနေဖြင့် မြန်မာနိုင်ငံကို စတင် လာရောက်လုပ်ကိုင်ခဲ့သည့် ကနဦးကာလမှာ အခက်အခဲပေါင်းများစွာ တွေ့ကြုံရင်ဆိုင်ခဲ့ရပေ မယ့်လည်း စိတ်အား ထက်သန်စွာကြိုးစားဆောင်ရွက်ခဲ့မှု၏ ရလဒ်ကောင်းကျိုးတွေပေါ်ထွက် လာပြီဖြစ်ပါကြောင်း။

 

The Central လို့ အမည်ပေးထားသည့် Project မှာ ဆောက်လုပ်ရေးကဏ္ဍတွင် Construction Industry ကိုတိုးတက်စေရန် အထောက်အကူပြုမှာဖြစ်သည့်အပြင် ရန်ကုန်မြို့၏ Land Mark တစ်ခုလည်း ဖြစ်ပေါ်လာမှာဖြစ်ပါကြောင်း။

 

 

ယနေ့အခမ်းအနားမှာ The CentralProject ၏ ပထမဆုံး Residential Tower အဆောက်အဦ၏ အပေါ်ဆုံးထပ် ကွန်ကရစ်ခင်း Topping လောင်းခြင်းလုပ်ငန်းပြီးစီးမှု အထိမ်းအမှတ် အခမ်းအနားဖြစ်ပါကြောင်း၊ မြန်မာဆောက်လုပ်ရေး လုပ်သားတွေအတွက် နိုင်ငံတကာ အဆင့်အတန်းမီအောင် လေ့ကျင့်ဆောင်ရွက်နိုင်ခွင့် အခွင့်အလမ်းကောင်းများလည်း ရရှိခဲ့ကြမှာဖြစ်ပါကြောင်း။ ထို့အပြင်Marga Group အနေဖြင့် ရင်းနှီးမြှုပ်နှံသူ Investors များအား တာဝန်ခံပြီး စီးပွားရေးရာအောင်မြင်မှု Commercial Success ရရှိရေးသာမက မြန်မာ နိုင်ငံအတွက် အကျိုးဖြစ် ထွန်းမှု (၃) ရပ်ကိုပါ ဆောင်ကြဉ်းပေးနိုင်တယ်လို့ ယုံကြည်ထားပါကြောင်း။


ထိုစီမံကိန်းမှ အလုပ်အကိုင် (၁၀ဝ၀) ကျော်ဖန်တီးပေးနိုင်မှာဖြစ်သလိုMarga Group အနေဖြင့် အမြတ်အစွန်းရငွေ၏ (၂%) ကို Corporate Social Responsibility (CSR) အနေဖြင့် ဒေသခံပြည်သူများအတွက် လှူဒါန်းသုံးစွဲပေးသွားရန် ကတိပြုထားခြင်းဖြစ်ပါကြောင်း၊ စီမံကိန်း သဘောတူစာချုပ်တွင် သတ်မှတ်ထားသည့် အချိန်ဇယားအတိုင်း ၊ စည်းကမ်းချက်များအတိုင်း လိုက်နာပြီးပြီးစီးအောင် ဆောင်ရွက်သွားမည်ဆိုတဲ့ အချက်ဖြစ်ပါကြောင်း။


ရှေ့အနာဂတ်ခရီးမှာ တာရှည်ခိုင်မြဲစွာ လက်တွဲပူးပေါင်းပြီး စီမံကိန်းလုပ်ငန်းများ ချောချောမွေ့မွေ့ ပြီးမြောက်စေရေး ဆောင်ရွက်သွားနိုင်ရန် ဆုမွန်ကောင်း တောင်းလိုက်ပါကြောင်းဖြင့် ပြောကြားသည်။


ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့တော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ချက်များ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး နည်းပညာရရှိရေး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်း၊ CQHP မှ ဥက္ကဋ္ဌဦးခင်မောင်တင့်၊ MIC မှ အတွင်းရေး မှူးဦးသန့်စင်လွင် ၊ YCDC မှ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ Marga Group ဥက္ကဌ Dr. Stephen Suenနှင့် တာဝန်ရှိသူတို့က The Central ၏ လူနေအိမ်တန်းတာဝါအမှတ် (၁) အပေါ်ဆုံး ထပ်ကွန်ကရစ်ခင်းပြီးစီးခြင်း အထိမ်းအ မှတ်အတွက် စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။


The Central Mix – Used Development စီမံကိန်းသည် ရန်ကုန်မြို့ ၊ ရန်ကင်းမြို့နယ် ၊ ကမ္ဘာအေးဘုရားလမ်းနှင့် ကံဘဲ့လမ်းထောင့်ရှိဧရိယာ (၈ ဒသမ ၇) ဧကကျယ်ဝန်းသော မြေပေါ်တွင် တည်ဆောက်ထားပြီး ပထမအဆင့်အနေဖြင့် လူနေအိမ်ခန်းတာဝါ အမှတ်(၁) အပေါ်ဆုံးထပ် ကွန်ကရစ်ခင်းပြီးစီး၍ ယနေ့အထိမ်းအမှတ် မှတ်တိုင်စိုက်ထူခြင်းဖြစ်သည်။ တည်ဆောက်ရေး လုပ်ငန်းအမျိုးအစားအနေဖြင့် Real Estate Development ဖြစ်ပြီး Hotel , Office , Residence , Shopping Complex တို့ပါဝင်မှာဖြစ်ကြောင်း သိရသည်။  

 

(သတင်းစဉ်)