ရန်ကုန် ၁၀ ဇွန်
ကမ္မဋ္ဌာန်းနည်းပြ ဆရာဦးမြင့်အောင်က တစ်ရက်အထူးတရားစခန်းကို ဇွန် ၂၉ ရက် (စနေနေ့) နံနက် ၈ နာရီ မှ ညနေ ၄ နာရီအထိ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်း ရှိ ရန်ကုန် တက္ကသိုလ်များဓမ္မာရုံ ၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
အမိတက္ကသိုလ်ကြီးမှ ပညာရည်နို့သောက်စို့ခဲ့ပြီးသော ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများအား ကျေးဇူးအထူးဆပ်သည့်တရားပွဲဖြစ်ပြီး တက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် (၇)ရက် သားသမီးများအား ဗုဒ္ဓနည်းလမ်းကျ လွယ်ကူရိုးရှင်းသောနည်းဖြင့် ဘဝတစ်ခု၌ တန်ဖိုးရှိအောင်နေထိုင်တတ်ရေး၊ သောကကင်းဝေးနေနိုင်ရေး၊ နိဗ္ဗာန်မျက်မှောက်ပြုနိုင်ရေးနှင့် ဘဝနိဂုံးသေခါနီး ရှုမှတ်ရမည့်နည်းလမ်းများကို တစ်ရက်အထူးတရားစခန်း ကမ္မဋ္ဌာန်းနည်းပြ ဆရာဦးမြင့်အောင် (A.G.T.I (MT), B.E Mech. M.O.T 1st Class Part A) က ဟောကြားပြသ ကျေးဇူးဆပ်သွားမည်ဖြစ်ကြောင်း သိရသည်။
တစ်နေ့တာအာဟာရဒါနများအဖြစ် အပူ၊ အအေး၊ မုန့် မျိုးစုံ၊ ဘေးမဲ့မေတ္တာအာဟာရ ဆွမ်းတို့ဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ တရားစာရွက် စာတမ်းစာအုပ်များ ပြည့်စုံအောင် လှူဒါန်းပေးခြင်း ဆောင်ရွက်မည်ဖြစ်ရာ အဆိုပါ အလှူတို့တွင် အတူတကွ ကုသိုလ်ပါဝင်လှုဒါန်းနိုင်ကြောင်း သိရသည်။
MDN