ရန်ကုန်  ၁၀  ဇွန် 

 

အီတလီနိုင်ငံ၏ အမျိုးသားနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ည ၇ နာရီတွင်  ရန်ကုန်မြို့ ဗဟန်းမြို့နယ် အင်းယားမြိုင်လမ်းအမှတ် ၃၃ ၌ ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့်ဇနီးတို့ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သီချင်းနှင့် အီတလီ နိုင်ငံတော် သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။

 

mdn

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီး Mrs. Alessandra Schiavo  နှင့် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

 

ယင်းနောက် ဧည့်ခံပွဲသို့ တက်ရောက်လာကြသူများအားသံအမတ်ကြီးက ညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

 

mdn


အဆိုပါ အခမ်းအနားသို့ ရန်ကုန်မြို့ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

 

(သတင်းစဉ်)