နေပြည်တော် ၁၀  ဇွန် 

 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည်The World Bank Myanmar ၏ Environment and Natural Resources – ENR မှ Manager  , Mr. Christophe Crepin နှင့်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

mdn

 

တွေ့ဆုံစဉ် ဒေသခံပြည်သူအစုအဖွဲ့ ပိုင်သစ်တောတည်ထောင်ရေး နှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများ၊သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်မြှင့် တင်ရေးဆိုင်ရာလုပ်ငန်းများကို ဦးစားပေးဒေသများ၌ ပူးပေါင်းဆောင်ရွက်ရေး၊ အသစ်ပြင်ဆင် ရေးဆွဲထားသည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောဆိုင်ရာ ညွှန်ကြားချက်အား တိုင်းရင်းသားဘာသာ စကားများသို့ ပြန်ဆိုမှုနှင့် ဒေသခံများနှင့် ထိရောက်သောပူးပေါင်း ဆောင်ရွက်မှုရရှိရေး ဆောင်ရွက်မှုများ၊ နိုင်ငံတကာဘဏ္ဍာရေးရင်းမြစ်များမှ ပူးတွဲရန်ပုံငွေကျခံ နိုင်ရေး ဆောင်ရွက်နိုင် သည့် အစီအမံများ၊ ရေးဆွဲပြီးသည့် အမှိုက်စီမံခန့်ခွဲရေးဆိုင်ရာ မဟာဗျူဟာနှင့် စီမံချက် အကောင်အထည်ဖော်ရေး၊ ပလပ်စတစ်အမှိုက်များ၊ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့် အမှိုက်များ စီမံခန့်ခွဲရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်တို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုများ၊ နိုင်ငံအဆင့် ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာခြင်း ကိုပြည်ထောင်စုအဆင့်စတင်မိတ်ဆက်ပြီးနောက် တိုင်းဒေသကြီး/ ပြည်နယ်များ၌ အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ဆောင်ရွက်မည့် အစီအမံ များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သိရသည်။  (သတင်းစဉ်)