ရေကြည် ၁၁ ဇွန်
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် မွေးမြူရေးပညာပေး ဟောပြောပွဲကို ယနေ နံနက် ၁၀ နာရီခွဲက ကြို့ကုန်းကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်မိုးသူဇာက ဟောပြောပွဲကို ကျေးရွာအတွင်းရှိ တိရစ္ဆာန်များ ရာသီဥတု အကူးအပြောင်းတွင် ကူးစက်ရောဂါဖြစ်ပွားမှု လျော့နည်းစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ တိရစ္ဆာန်များတွင် ဖြစ်ပွားလေ့ရှိသော ရောဂါများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တိရစ္ဆာန်များကို ရောဂါမဖြစ်ခင် ကြိုတင် ကာကွယ်ဆေးများ ထိုးရန်နှင့် စနစ်တကျ ထိန်းစောင့်ရှောက်ရန် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ ကျေးရွာအတွင်းရှိ ဒေသခံပြည်သူ (၄၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)