စေတုတ္တရာ ၁၁  ဇွန်   
    

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်တွင် လူငယ်ရေးရာမူဝါဒ မိတ်ဆက်ခြင်းနှင့် လူငယ်ရေးရာကော်မတီ ဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 


အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးမောင်မောင်လေးက လူငယ်ရေးရာကော်မတီ ဖွဲ့စည်းမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် တိုင်းလူငယ်ရေးရာကော်မတီဝင် ဆလိုင်းဖြိုးမင်းဟိန်းက လူငယ်ရေးရာမူဝါဒ မိတ်ဆက်ခြင်းနှင့် လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက မြို့နယ်လူငယ်ရေးရာ ကော်မတီ၏ တာဝန်၊ လုပ်ငန်းစဉ်များအကြောင်းကို ဆွေးနွေးခဲ့သည်။


ထို့နောက် မြို့နယ် လူငယ်ရေးရာကော်မတီကို ဖွဲ့စည်းခဲ့ပြီး အဆိုပါ ကော်မတီကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဥက္ကဋ္ဌ၊ မြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ ဒုဥက္ကဋ္ဌအဖြစ် ပါဝင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။


စည်သူလွင်(ပြန်/ဆက်)