မြောက်ဦး ၁၁ ဇွန်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းခိုလှုံရာ ကယ်ဆယ်ရေးစခန်းများသို့ ခိုလှုံရောက်ရှိလာသော အိမ်ထောင်စုဝင်များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လည် ၁၂ နာရီက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမိုးနွယ်နှင့် ဝန်ထမ်းများက တိမ်ညိုကျေးရွာ ဘုန်းတော်ကြီးကျောင်း ခိုလှုံရာကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စုဝင်စုစုပေါင်း ၁၁၇ စုမှ လူဦးရေ ၄၂၅ ဦးတို့အတွက် လုံချည်၊ ပုဆိုး၊ တဘက်နှင့် တီရှပ်ပါ ကယ်ဆယ်ရေးပစ္စည်းလေးမျိုးနှင့် တစ်လစာ ဆန်ရိက္ခာ ၁၂၇ အိတ်၊ ၁၂ ပြည်နှင့် ၄ ဗူးအား အဆိုပါကယ်ဆယ်ရေးစခန်းရှိ စခန်းတာဝန်ခံများထံသို့ ပေးအပ်ထောက်ပံ့ခဲ့ပြီး တာဝန်ရှိသူများက ကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိခိုလှုံနေသော မိသားစုဝင်များအား အားပေး စကားများပြောကြားခဲ့ကြောင်း သိရသည်။
မြောက်ဦး (ခရိုင် ပြန်/ဆက်)