၁၁ ဇွန်


ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် အီရန်နိုင်ငံသို့ မထွက်ခွာမီ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့်  အရှေ့အလယ်ပိုင်းအခြေအနေကို ဆွေးနွေးခဲ့ကြသည်။

 

အီရန်နိုင်ငံခေါင်းဆောင်  အယာတိုလာ ခါမေနီနှင့် အာဘေးတို့ တွေ့ဆုံစဉ် တင်းမာမှုများလျော့ပါးစေရန် အီရန်နိုင်ငံအား တိုက်တွန်းရန် ရည်ရွယ်ထားကြောင်း ၄င်းတို့၏ ဖုန်းခေါ်ဆိုမှုအတွင်း အာဘေးက ထရန့်သို့ ပြောဆိုခဲ့သည်။

 

ိ္၄မ

 

ယခုလနှောင်းပိုင်းတွင် ဂျပန်နိုင်ငံ အိုဆာကာတွင် ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ အောင်မြင်ရေးအ တွက် အတူလက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း အာဘေးနှင့်ထရန့်က အတည်ပြုပြောကြားခဲ့သည်။

 

ဗုဒ္ဓဟူးနေ့မှ သောကြာနေ့အထိ အီရန်နိုင်ငံသို့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသွားရောက်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ယိုရှီဒါ ဆူဂါက တရားဝင်ကြေညာခဲ့သည်။  အာဘေးသည် အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီနှင့်အခြားခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။ ယခုနှစ်တွင် ဂျပန်နိုင်ငံနှင့် အီရန်နိုင်ငံတို့ကြား သံတမန်ဆက်ဆံရေးထူထောင်မှု နှစ်၉၀ ပြည့်မြောက်သည့် အထိမ်းအမှတ်ဖြစ်ကြောင်း ဆူဂါက ပြောကြားသည်။

 

အီရန်နိုင်ငံသို့  နောက်ဆုံးအကြိမ် သွားရောက်ခဲ့သည့်  ဂျပန်ဝန်ကြီးချုပ်မှာ ၁၉၇၈ခုနှစ်တွင် သွားရောက်ခဲ့သည့် တာကဲအိုဖူကူဒါ ဖြစ်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်