၁၁ ဇွန်
၂၀၂၁ခုနှစ်ထက်စော၍ ပလတ်စတစ်အိတ်များ၊ ပိုက်များကဲ့သို့သော တစ်ခါသုံး ပလတ်စတစ်များ အသုံးပြုမှု ကို တားမြစ်မည်ဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရီဒေါ်က ပြောကြားသည်။
သမုဒ္ဒရာအတွင်းရှိ စွန့်ပစ်ပလတ်စတစ်များ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းဖြစ်စေနိုင်သဖြင့် ကိုင်တွယ်စီမံဆောင်ရွက်ရန် ၄င်းက ဇွန်လ ၁၀ ရက်တွင် ကြေညာခဲ့သည်။
အသုံးပြုပြီးသည့် ပလတ်စတစ်များ၏ ၁၀ရာခိုင်နှုန်းသည် ပြန်လည်အသုံးပြု၍ ရနိုင်သေးကြောင်း ၄င်းက ဆိုသည်။ ပလတ်စတစ်ကုန်ပစ္စည်းများ ထုတ်လုပ်သည့် သို့မဟုတ် ထုပ်ပိုးရောင်းချသည့် ကုမ္ပဏီများသည် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို ပြန်လည်သိမး်ဆည်းရန် တာဝန်ရှိကြောင်း ၄င်းက ပြောကြားသည်။
ပလတ်စတစ်ပစ္စည်းများကို ပုလင်းအဖြစ် ထုတ်လုပ်ရောင်းချခြင်းကို တားမြစ်ဖွယ်ရှိကြောင်း ကနေဒါ မီဒီယာများက ဖော်ပြသည်။
ပတ်ဝန်းကျင်ကိုထိခိုက်စေနိုင်သည့် စိုးရိမ်ပူပန်မှုကြောင့် ပြီးခဲ့သောနှစ်အတွင်း တရုတ်နိုင်ငံက ပလတ်စတစ် ထုတ်ကုန်များ တင်သွင်းမှု ပိတ်ပင်ပြီးနောက် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများမှာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို မည်ကဲ့သို့ နေရာချရမည်ဆိုသော ပြဿနာတစ်ရပ် ကြုံတွေ့နေရသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်