ပေါင် ၁၁ ဇွန်

မွန်ပြည်နယ် ပေါင်မြို့နယ် ကတွန်ကျေးရွာ အ.လ.ကကျောင်းအား အ.ထ.ကခွဲကျောင်းအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားကို ဇွန် ၁၁ ရက် နံနက် ၉ နာရီက အဆိုပါကျောင်းရှေ့၌ ကျင်းပရာ အ.ထ.က(ခွဲ)အား ပေါင်မြို့နယ် ပညာရေးမှူး ဒေါ်စန်းစန်းအေး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ပြုံးတင့်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းစိန်နှင့် ကျောင်းအကျိုးတော်ဆောင်ဥက္ကဌဋ္ဌ ဦးစိုးတင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

mdn

 

ယင်းနောက် ဒုတိယပိုင်းအစီအစဉ်ကို ကျင်းပရာ ပေါင်မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက ဂုဏ်ပြုအမှာစကား ပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ပြုံးတင့်က ကျောင်း၏သမိုင်းအကြောင်းများအား ရှင်းလင်းတင်ပြပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းစိန်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

အဆိုပါကျောင်းသည် ယခင်က အလယ်တန်းကျောင်းအဆင့်ရှိခဲ့သော်လည်း ကျောင်းသားကျောင်းသူ ဦးရေ တိုးတက်များပြားလာသောကြောင့် ၂၀၁၉ ခုနှစ် မေလ ၂၉ ရက်နေ့မှ စတင်ကာ ပညာရေးဝန်ကြီးဌာနမှ အထက်တန်း ကျောင်းခွဲအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုဟိန်း(ပေါင်)