မက်မန်း ၁၁ ဇွန်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မက်မန်းမြို့၌ ဇွန် ၁၀ ရက်က အခြေခံပညာမူလတန်းအဆင့် ကလေး (၁၇၅)ဦးအား တစ်ကိုယ်ရေသန့်ရှင်းရေး သရုပ်ပြသင်ကြားမှုနှင့် အာဟာရတိုက်ကျွေးခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ် စီမံခန့်ခွဲရေးကော်မတီဉက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် ပါဝင်ကူညီသည့် အဖွဲ့ဝင်များက ကျောင်းသား ကျောင်းသူများအား နွားနို့နှင့် ကြက်ဉများ တိုက်ကျွေးခဲ့သည်။
မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အနေဖြင့် ကလေးအဟာရများနှင့် ပတ်သက်၍ လစဉ် ပုံမှန်တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။
မက်မန်း(ပြန်/ဆက်)