နေပြည်တော် ၁၁ ဇွန်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ASEAN အဆင့် အစည်းအဝေးဖြစ်သော အကြိမ်(၃၀)မြောက် အာဆီယံ အလှကုန်ပစ္စည်းဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို နေပြည်တော်ရှိ Hotel Max ၌ ဇွန်လ ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပမည် ဖြစ်သည်။
အစည်းအဝေး တတိယမြောက်နေ့ ဇွန်လ ၂၀ ရက် နံနက် ၈ နာရီတွင် အကြိမ် (၃၀)မြောက် အာဆီယံအလှကုန် ပစ္စည်းဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်မည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။
မွှေးကြူဇင်