၁၁ ဇွန်
မြန်မာနိုင်ငံ၏ မျိုးဆက်သစ် ဂီတအဆိုရှင်များစွာကို မွေးထုတ်ပေးနေသည့် ၂၀၁၉ ခုနှစ် Myanmar Idol Season-4 ပြိုင်ပွဲကို မကြာခင် စတင်ကျင်းပတော့မည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် Myanmar Idol Season-4 ၏ အကဲဖြတ်ဒိုင်များအဖြစ် နာမည်ကျော် တေးသံရှင်များဖြစ်သည့် ဦးအောင်ကိုလတ်၊ တင်ဇာမော်၊ ဖြူဖြူကျော်သိန်း တို့မှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Myanmar Idol Season-4 ၏ အသံစစ်ဆေးမှုများကို ဇွန် ၁၅ ရက်မှစတင်ကာ မြို့ကြီး ၅မြို့ဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ တောင်ငူ၊ ဘားအံမြို့များတွင် ကျင်းပသွားမည်ဖြစ်ပြီး Mobile Casting သွားရောက်မည့်မြို့များမှာ ကလော၊ ပင်းတယ၊ မိတ္ထီလာ၊ မုံရွာ၊ ရွှေဘို၊ ပြည်၊ ပျဉ်းမနား၊ မော်လမြိုင်၊ ပဲခူး၊ ပုသိမ် တို့ဖြစ်ကြောင်း သိရသည်။
Myanmar idol Season-4 တွင် winner ဆုရရှိသူကို ဆုငွေကျပ် သိန်းငါးရာအပြင် Solo အယ်လ်ဘမ် တစ်ချပ်ကိုလည်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
MDN


