ကျိုက်မရော ၁၂ ဇွန်


မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် ရင်ခွင်မဲ့ ကလေးသူငယ်လျော့ချရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရွှေဟင်္သာ) ခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က ရင်ခွင်မဲ့ ကလေးသူငယ်လျှော့ချရေး အဖွဲ့များ ပြန်လည်ဖွဲ့စည်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လစ်လပ်နေရာ ၆ နေရာအတွက် အစားထိုး ပြင်ဆင်ဖွဲ့စည်း ပေးခဲ့သည်။


ထို့နောက် မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူး ဦးကိုကိုနိုင်နှင့် မွန်ပြည်နယ် ရင်ခွင်မဲ့ကလေးသူငယ်လျှော့ချရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သီသီနွယ်တို့က ရင်ခွင်မဲ့ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျေးရွာများမှ ပြည်သူတို့၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။


အခမ်းအနားသို့ ကျိုက်မရော မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၁၂၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ချိုမြတ်မြတ်ထွေး(ကျိုက်မရော)