သီပေါ ၁၂ ဇွန်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အကျဉ်းဦးစီးဌာနသို့ ရွေ့လျားစာကြည့်တိုက်စနစ် ဖြင့် စာအုပ်များသွားရောက်ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲ(၁) နာရီခန့်က ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက်မှ စာအုပ်များကို အကျဉ်းဦးစီးဌာနရှိ ဝန်ထမ်းများနှင့် အကျဉ်းသားများ ဖတ်ရှုရန်အတွက် သုတ/ရသစာအုပ်မျိုးစုံ(၃၀ဝ)အုပ်ကို အကျဉ်းဦးစီးဌာနရှိ စာကြည့်တိုက်တွင် ငှားရမ်းပေးခဲ့ပြီး အဆိုပါငှားရမ်းပေးသော စာအုပ်များကို ဝန်ထမ်းများနှင့် အကျဉ်းသားများ နေ့စဉ်ဖတ်ရှုကြကြောင်းနှင့် ထိုသို့စာအုပ်များငှားရမ်းပေးခြင်းကို ၂၀၁၃ ခုနှစ်မှ စတင်၍ ငှားရမ်းပေးခြင်းဖြစ်ပြီး ယနေ့အထိ တစ်လတစ်ကြိမ် အသစ်လဲလှယ်ငှားရမ်းပေးလျက် ရှိကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်