ယွီရှီး(ကူမင်း) ၁၂ ဇွန်
တရုတ်-တောင်အာရှ မီဒီယာဖိုရမ်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယွီရှီးမြို့ Hilton Hotel ၌ ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် တရုတ်နိုင်ငံနှင့် တောင်အာရှမှ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိ လင်္ကာနှင့် အာဖဂန်နစ္စတန်နိုင်ငံ သတင်းဌာနများမှ တာဝန်ရှိသူများက မီဒီယာပူး ပေါင်းဆောင်ရွက်နေမှု၊ နိုင်ငံအလိုက် မီဒီယာဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်နေမှု၊ တရုတ်နိုင်ငံ၏ နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုနှင့် တောင်အာရှ၊ အရှေ့တောင် အာရှနိုင်ငံများနှင့် ကဏ္ဍအသီးသီးတွင် ချိတ်ဆက်ဆောင်ရွက်နေမှု၊ သတင်းမီဒီယာများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သတင်းအချက်အလက်များ ပိုမိုရရှိလာကာ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ စီးပွားရေးလုပ်ငန်း အခွင့်အလမ်းသစ်များ ပေါ်ထွန်းလာနိုင်ခြင်းတို့နှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ရှင်းလင်းပြောကြားကြသည်။
ဖိုရမ်သို့ တရုတ်နိုင်ငံအပါအဝင် တောင်အာရှမှ အာဖဂန်နစ္စတန်၊ ဘင်္ဂလား ဒေ့ရှ်၊ အိန္ဒိယ၊ မော်လဒိုက်၊ နီပေါ၊ ပါကစ္စတန်၊ သီရိလင်္ကာနှင့် အာဆီယံနိုင်ငံ သတင်းဌာနများမှ တာဝန်ရှိသူများ၊ သတင်းမီဒီယာ စုစုပေါင်း ၁၀ဝ ခန့် တက်ရောက်ခဲ့သည်။
ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် တရုတ်-တောင်အာရှ မီဒီယာဖိုရမ် စားပွဲဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
ဇော်မင်းအောင်၊ စန္ဒာထွန်း