ဆားလင်းကြီး ၁၂ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၌ ယနေ့ နံနက် ၉ နာရီက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုး အင်ဂျင်စက် ပြုပြင်ခြင်း သင်တန်းဖွင့်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြင့်ထွန်းက အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးခိုင်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုးအင်ဂျင်စက် ပြုပြင်ခြင်းသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်း အထောက်အကူပြု ပစ္စည်းများကို သင်တန်းနည်းပြများထံသို့ ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းသို့ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား ဦးရေ ၂ဝ ခန့် တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇွန် ၁၂ ရက်မှ ၂၆ ရက်အထိဖြစ်ကြောင်း သိရသည်။
မင်းခန့်စိုး(ဇေယျာမြေ)