ကျောက်ဖြူ ၁၂ ဇွန်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမတွင် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် ပြည်ထောင်စု သမ္မတဂျာမနီနိုင်ငံ FNF အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပသည့် စီးပွားရေးဖွံ့ဖြိုးမှု အထောက်ကူပြု သင်တန်းဖွင့်ပွဲကို ယနေ့ မွန်းလွဲ ၃ နာရီက အဆိုပါခန်းမတွင် ကျင်းပခဲ့ရာ သင်တန်းသား သင်တန်းသူ (၄၀) တက်ရောက်ကာ သင်တန်းကာလမှာ ဇွန် ၁၂ မှ ၁၇ ရက်အထိ စာတွေ့ လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားကို SMEBI သင်တန်းကျောင်း၏ President ဆရာဦးစိုးဟိန်းမှ အဖွင့်အမှာစကား ပြောကြားရာတွင် “ Business Model များနှင့် လက်ရှိစီးပွားရေးတွင် လိုအပ်နေသည့် အချက် အလက်များကို ယခုသင်တန်းတွင် သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ စီးပွားရေးပညာရပ်ဟာတွေဟာ အလွန်နက်ရှိုင်း လွန်တာကြောင့် မိမိကိုယ်တိုင်လည်း ယခုထက်တိုင်သင်ယူလျက်ရှိပါကြောင်း၊ လေ့လာမှုမရှိလျှင် ခေါတ်နောက်ကျန်ခဲ့မှာဖြစ်ကြောင်း၊ ယခုသင်တန်းမှာ သင်ကြားခဲ့သည့် အတွေ့အကြုံများကို သင်ယူခြင်းမဟုတ်ဘဲ လက်ရှိစီးပွားရေးတွင် လက်တွေ့အသုံးချစေလိုကြောင်း၊ မြန်မာ့ SME များတိုးတက်အောင်လို အပ်ချက်တွေကို ဝိုင်းဝန်းအဖြေထုတ်လုပ်ဆောင်ပါက ပိုမိုတိုးတက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောက်ဖြူခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ညိုညိုမြင့်က RBF အကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းနားတက်ရောက်လာကြသော ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်များ၊ ကျောက်ဖြူခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် သင်တန်းသား သင်တန်းသူများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)