၁၂ ဇွန် 
    

ဂျပန်နိုင်ငံ NHK သတင်းဌာနမှ  ရိုက်ကူးရေးအဖွဲ့သည်  ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံတွင် ကျဆုံးခဲ့သော ဂျပန်စစ်သည်များ၏ ရုပ်ကြွင်းများအား ရှာဖွေသိမ်းဆည်းမှု ပြုလုပ်နေသည့် ဂျပန်နိုင်ငံသား Mr.Imoto ၏အကြောင်းကို ကချင်ပြည်နယ် ၊ မိုးညှင်းမြို့နယ် ကာဒူကျေးရွာတွင် ယနေ့ နံနက်ပိုင်းက ရုပ်သံမှတ်တမ်းရိုက်ကူးသည်။

 

1


    

ထိုသို့ရိုက်ကူးရာတွင် အင်္ဂလိပ်နှင့် ဂျပန်တပ်များ တိုက်ပွဲဖြစ်ခဲ့သည့် နေရာများနှင့် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်များ တပ်စွဲခဲ့သည့်နေရာကို မိုးညှင်းမြို့နယ် ကာဒူကျေးရွာမှ အသက် ၈၉ နှစ်အရွယ်ရှိ ဦးကျော်စိန်က Mr.Imoto အား လိုက်လံပြသ ရှင်းလင်းခြင်းကို ရိုက်ကူးခဲ့သည်။ ဂျပန်နိုင်ငံသား Mr.Imoto သည် ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် ဂျပန်စစ်သည်များ၏ ရုပ်ကြွင်းများကို လွန်ခဲ့သော ၇ နှစ်ခန့်မှစ၍ မြန်မာနိုင်ငံသို့ လာရောက်ရှာဖွေနေသူဖြစ်သည်။

 

1


    

၎င်းရိုက်ကူးရေးအဖွဲ့တွင် ဂျပန်နိုင်ငံသား(၃)ဉီး ပါဝင်ပြီး ဇွန်လ ၄ ရက်နေ့မှ  ၁၈ ရက်နေ့အထိ  ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့သို့ သွားရောက်၍  ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သော ဂျပန်စစ်သည်များ၏ ရုပ်ကြွင်းများသိမ်းဆည်းမှုအကြောင်းကို လာရောက်ရိုက်ကူးခြင်းဖြစ်ကာ အဆိုပါ ရုပ်သံမှတ်တမ်းအား ဂျပန်နိုင်ငံ Khushu ကျွန်းရှိ ရုပ်သံလိုင်းတွင် ပြသမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်