နေပြည်တော် ၁၂ ဇွန်
မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါနန်းစံဝင့်ခိုင်၏ အကူအညီဖြင့် မွန်ပြည်နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှူအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့တို့ စုဆောင်း ရရှိထားသော ပအိုဝ်းသမိုင်းဆိုင်ရာပေမူနှင့် စာအုပ်စာတမ်း (၄၆)အုပ်ကို အမျိုးသားစာကြည့်တိုက်သို့ လှူဒါန်းခဲ့သည်။
အမျိုးသားစာကြည့်တိုက်သည် “မြန်မာနိုင်ငံ၏ အမျိုးသားစာပေစုအမွေအနှစ် ဗဟိုဌာန ဖြစ်လာစေရန်” ရည်ရွယ်၍ နိုင်ငံအတွင်းထုတ်ဝေသမျှ စာပေပစ္စည်းများ အပြည့်စုံဆုံးဖြစ်အောင် စုဆောင်းလျက်ရှိပါသည်။ ယင်းသို့ စုဆောင်း ရာတွင် မြန်မာနိုင်ငံအတွင်း အတူတကွ နေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ်များ၏ စာပေများကိုပါ စုဆောင်းလျက်ရှိသည်။

စုဆောင်းရရှိထားသော စာပေပစ္စည်းများကို ရေရှည်တည်တံ့နေစေရန် စနစ်တကျ ထိန်းသိမ်း၍ သုတေသီများ၊ ကျောင်းသား ကျောင်းသူ၊ ရဟန်းရှင်လူ ပြည်သူအများ လေ့လာဖတ်ရှု ရည်ညွှန်းကိုးကားနိုင်ရန် ဝန်ဆောင်မှု ပေးလျက်ရှိသော စာကြည့်တိုက်ဖြစ်သည်။
အမျိုးသားစာကြည့်တိုက်တွင် တိုင်းရင်းသားဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် ဖြစ်စေ၊ အင်္ဂလိပ်ဘာသာ နှင့်ဖြစ်စေ ထုတ်ဝေသော စာအုပ်စာတမ်း၊ စာနယ်ဇင်းများကို စုဆောင်းထားခြင်းဖြင့် ယင်းစာအုပ် စာတမ်း စာနယ်ဇင်းများသည် ခေတ်အဆက်ဆက် တည်တံ့နေစေခြင်းနှင့် တိုင်းရင်းသားမျိုးနွယ်စုများ၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို လေ့လာလိုသူ၊ သုတေသန ပြုလိုသူများအတွက် ရည်ညွှန်း ကိုးကားနိုင်ရန် အထောက်အကူပြုနိုင်မည် ဖြစ်သည်။
အမျိုးသားစာကြည့်တိုက်သို့ တိုင်းရင်းသားဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်ဖြစ်စေ၊ အင်္ဂလိပ်ဘာနှင့်ဖြစ်စေ ထုတ်ဝေသော စာအုပ်စာတမ်း စာနယ်ဇင်းများ( Printed ဖြစ်စေ Soft Copy ဖြစ်စေ) လှူဒါန်းလိုပါက အမှတ် (၈၅၊က)၊ သီရိမင်္ဂလာရိပ်သာလမ်းသွယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း ဝ၁၆၆၂၄၇၀၊ ဝ၁၆၆၃၉၀၂၊ ဝ၉၂၅၄၃၇၄၆၉၄ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်