တာချီလိတ် ၁၂ ဇွန်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ မိုးရာသီ လူထုသစ်ပင်စိုက်ပျိုးပွဲအတွက် ညှိနှိုင်းအစည်းအဝေးကို ဇွန် ၁၂ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ တက်ရောက်ဆွေးနွေးကြသည်။
တာချီလိတ်မြို့တွင် မိုးရာသီ လူထုသစ်ပင်စိုက်ပျိုးပွဲအဖြစ် ဇွန် ၁၉ ရက်၌ မိုင်းဖုန်း(က) ကျေးရွာအုပ်စု မိုင်းဖုန်းဆရာတော် သာသနာ့နယ်မြေ၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဆွတ်ဆိုင်ကျေးရွာရှိ ရှေးဟောင်းလွယ်ယွန်းခမ်းစေတီတော် အတက်လမ်းများတို့တွင် သစ်ပင်ခုနစ်သောင်းကျော်အား တစ်ချိန်တည်း စုပေါင်းစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ခရိုင် ပြန်/ဆက်မှ သိရသည်။
MDN