နေပြည်တော် ၁၂ ဇွန်
မောင်တောမြို့နယ် အမှတ်(၂)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊ ငါးခူရနယ်မြေရုံးမှယာယီရဲမှူး ကျော်ဝင်း ဦးစီးသည့် ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေး ရေယာဉ် အမှတ် (ဝ၀၃)ပါ ၂ စီး ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂)နယ်ခြားစောင့်တပ် Nhilla BOP ကင်းစခန်းမှ Subedar Md, Sha Alom ဦးဆောင်သည့် စက်တပ်ရေယာဉ် ၂ စီး စုစုပေါင်း ရေယာဉ် (၄)စီးတို့သည် ဇွန် ၁၁ ရက် နံနက်ပိုင်းတွင် နတ်မြစ်မြစ်လယ်ရှိ နှစ်နိုင်ငံနယ်နိမိတ် စံပါယ်ပင်ရင်း(၁) ချောင်းဝအနီး ရေမိုင်အမှတ်(၁၁)မှ ပြူးမချောင်း ချောင်းဝထိပ် ရေမိုင်အမှတ်(၁၅) အနီးထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံညှိနှိုင်း၍ ရေမိုင်ကင်းလှည့်ခဲ့ပြီး ရေယာဉ်အမှတ်(ဝ၀၃) ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့် အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
(ရဲပြန်ကြား)
