နေပြည်တော် ၁၂ ဇွန် 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မည့် UNFPA ၏ စတုတ္တအကြိမ်နိုင်ငံဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၂၂) နှင့်စပ်လျဉ်းသည့် Letter of Agreement (LoA) ကို မြန်မာနိုင်ငံအစိုးရ ကိုယ်စား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက် သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် UNFPA ကိုယ်စား မြန်မာ နိုင်ငံဆိုင်ရာ UNFPA Representative,Mr. Ramanathan Balakrishnan တို့သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်း အ‌ဝေးခန်းမ၌ လက်မှတ်ရေးထိုးသည်။

 

743

 

လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ UNFPA နှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် UNFPA တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်သည်။

UNFPA ၏ စတုတ္ထအကြိမ် နိုင်ငံဆိုင်ရာလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၂၂) ကို သက်ဆိုင်ရာ ဌာနများမှ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးရေးဆွဲထားခြင်းဖြစ်ပြီး UNFPA ၏ ပုံမှန်ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁၀ ဒသမ ၅) သန်း၊ အခြားရန်ပုံငွေ အမေရိကန်ဒေါ်လာ (၉ ဒသမ ၅) သန်း၊ စုစု ပေါင်း အမေရိကန်ဒေါ်လာ သန်း ၂၀ ဖြင့် မျိုးဆက်ပွားကျန်းမာရေး၊ ကျား/မ တန်းတူညီမျှရေးနှင့် အမျိုး သမီးကဏ္ဍမြှင့်တင်ရေး၊ လူဦးရေဆိုင်ရာကဏ္ဍများတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

UNFPA အနေဖြင့် နိုင်ငံဆိုင်ရာလုပ်ငန်းအစီအစဉ်များအား ယခင်ကလည်းဆောင်ရွက်ခဲ့ရာ ပထမအကြိမ် (၂၀ဝ၂-၂၀ဝ၆) ကို  အမေရိကန်ဒေါ်လာ (၁၆) သန်း၊ ဒုတိယအကြိမ် (၂၀ဝ၇-၂၀၁၁) ကို အမေရိကန်ဒေါ်လာ (၂၅ ဒသမ ၂) သန်းဖြင့် တတိယအကြိမ် (၂၀၁၂-၂၀၁၇)ကို အမေရိကန် ဒေါ်လာ (၃၇ ဒသမ ၅) သန်းဖြင့် မျိုးဆက်ပွား ကျန်းမာရေး၊ ကျား/မတန်းတူညီမျှ ရေးနှင့် အမျိုးသမီး ကဏ္ဍမြှင့်တင်ရေး၊ လူဦးရေဆိုင်ရာကဏ္ဍများတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)