နေပြည်တော် ၁၂ ဇွန်


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ Assistant Minister, Mr. Li Chenggang နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌  လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား မိတ်ဖက်ဖြစ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ထပ်မံတိုးမြှင့်ရန်သာမက ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့နှင့် ဆက်နွယ်သည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။


သတင်းစဉ်