ရန်ကုန်  ၁၃ ဇွန်


မဏ္ဍိုင် (၄) ရပ် တွေ့ဆုံဆွေးနွေးပွဲအတွက် သတင်းမီဒီယာများနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲ (ရန်ကုန်တိုင်းဒေသကြီး) ကို ဇွန်လ ၁၃ ရက် နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်၊ ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့် အမှတ် - ၆၅  Pullman Hotel, Grand Center Point Ballroom, တတိယထပ်၌ စတင်ကျင်းပပြုလုပ်လျက်ရှိသည်။


အခမ်းအနားတွင် သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင် (ဟံသာဝတီ ဦးအုန်းကြိုင်)က အဖွင့်အမှာစကား စတင်ပြောကြားပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းက မဏ္ဍိုင်(၄)ရပ် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာပုံနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။


MDN