မောင်တော ၁၃ ဇွန်  

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် လူထုအခြေပြုကွန်ရက်များမှ ဦးဆောင်သော HIV ကာကွယ်ရေးနှင့် ကုသရေး ချိတ်ဆက်စီမံချက် အသိပေးတင်ပြခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း အစည်းအဝေးကျင်းပကို ဇွန် ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ အခမ်းအနားတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒုခရိုင်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ ကျော်မောင်မောင်သိန်းက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် လူထုအခြေပြုကွန်ရက်များမှ ဦးဆောင်သော HIV ကာကွယ်ရေးနှင့် ကုသရေး ချိတ်ဆက်စီမံချက် ပြည်နယ်တာဝန်ခံ မြင့်ဝင်းထွန်းမှ စီမံချက်များအား မိတ်ဆက်ခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးမှ လိုအပ်ချက်များကို လမ်းညွှန်အကြံပေးခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသည့် အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများက ဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရသည်။ အခမ်းအနားသို့ မြို့နယ်ကျန်းမာရေးဦးစီးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အသီးသီးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သက်လွင်စိုး(ပြန်/ဆက်)