ရန်ကုန် ၁၃ ဇွန်
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် အတွင်းရှိ လမ်းဘေး ဈေးရောင်းချ သူများ အား စနစ်တကျ ဖြစ်စေရေးနှင့် လမ်းသွား/လမ်းလာ အများပြည်သူများ အဆင်ပြေစေရန် ရည်ရွယ်ပြီး လမ်းဘေး ဈေးရောင်းချသူများအား စည်းကမ်းထိန်းသိမ်းမှု ဆောင်ရွက်ခြင်းကို ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာ ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်ကော်မတီ အဖွဲ့ဝင်များ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဗိုလ်ချုပ်အောင်ဆန်းလမ်း-အိမ်ကြီးလမ်း ရေကျော်ဈေးအနီး လမ်းဘေးတွင် ဈေးရောင်းချသူများအား သတ်မှတ်နေရာများတွင် ရောင်းချကြရန်နှင့် သတ်မှတ်ချက်၊ စည်းကမ်းနှင့် အညီ ရောင်းချသွားကြရန်၊ အများပြည်သူသွားလာ အသုံးပြုနေသည့် လမ်းပေါ်အထိတက်ပြီး ဈေးရောင်းချခြင်းမပြုကြရန်နှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်စေရေး စွန့်ပစ်အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြရန် အသိပညာပေး စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုဘုန်း(ပြန်/ဆက်)


