မန္တလေး  ၁၃   ဇွန် 

 

Myanmar Book Aid and Preservation Foundation(MBAPF) , Intensity Community Center နှင့် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ပူးပေါင်းဖွင့်လှစ်သော “Media and information Literacy Course’’ မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှု သင်တန်းဖွင့်ပွဲကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းနှင့် မြဝတီမင်းကြီးလမ်းထောင့်၊ မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ယနေ့ နံနက် ၉ နာရီ ခွဲ က ကျင်းပပြုလုပ်သည်။

 

ဖွင့်ပွဲတွင် မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ဝေဝဖြိုးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် Intensity Community Center မှ သင်တန်းနည်းပြ ကိုအောင်သန်းထွဋ်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ၎င်းနောက် အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသည်။

 

အဆိုပါသင်တန်းကို သင်တန်းသား/သင်တန်းသူ ၃၀ ဖြင့် ဇွန်လ ၁၃ ရက်မှ ဇွန်လ ၁၆ ရက်ထိ အခမဲ့ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းတွင် ICT နှင့် Cloud computing မိတ်ဆက်၊ E.mail ကို ကျွမ်းကျင်စွာ အသုံးပြုခြင်း၊ Maps, navigate and explore ၊ အင်တာနက်ပေါ်၌ လုံခြုံမှုနှင့်စဉ်း စားတွေးခေါ်ဆင်ခြင်မှု၊ Cloud ပေါ်တွင် File များသိမ်းဆည်းခြင်းနှင့်မျှဝေခြင်း၊ Calendar, Online appointments and Schedules, Websearch နှင့် Online content  creating အစရှိသော ဘာသာရပ်များအား သင်တန်းနည်းပြများက အခမဲ့သင်ကြား ပေးသွားမည်ဖြစ်သည်။ 

 

ဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ Myanmar Book Aid and Preservation Foundation(MBAPF) မှ တာဝန်ရှိသူများ၊ Intensity Community Center မှ သင်တန်းနည်းပြများ၊ မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိဒေါ်မြင့်မြင့်သန်းနှင့်တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)

 

DSC03