မိုင်းယု ၁၃ ဇွန်
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် မိုင်းယုမြို့ ပြည်သူ့ဆေးရုံတက်လူနာများအား အစာအာဟာရ ပြည့်ဝစွာရရှိ၍ ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဓာကိုပြန်လည်ပိုင်ဆိုင်နိုင်စေရန်အတွက် နေ့စဉ်နံနက်နှင့် နေ့လယ်စာအာဟာရများ ကျွေးမွေးခြင်းကို ဇွန် ၇ ရက်နေ့စတင်ပြုလုပ်ခဲ့သည်။
အဆိုပါ ကျွေးမွေးခြင်းကို ပြည်သူ့ဆေးရုံမှ တိုက်နယ်ဆရာဝန် ဒေါက်တာ အောင်အောင်ဝင်းထွဋ်နှင့် ကျန်းမာရေးဝန်ထမ်းများသည် နေ့စဉ်နံနက်တိုင်း ကွေကာအုပ်၊ ကြက်ဥများတိုက်ကျွေးလှူဒါန်းလျက်ရှိကြောင်း၊ ထို့ပြင် ဒေသရှမ်းအစားအစာများဖြင့် ပြည်သူ့ဆေးရုံမှ တစ်ပတ်လျှင်တစ်ကြိမ် ကျွေးမွေးခြင်းနှင့် ကျန်ရက်နေ့လယ်စာများကိုလည်း အလှူရှင်များ လှူဒါန်းမှုရှိကာ ကျွေးမွေးခြင်းနှင့် ယင်းနေ့စဉ် နှစ်နှပ်စာအာဟာရအတွက် လူနာများရှိပါက ပုံမှန်ကျွေးမွေးနိုင်ရန် ကုန်ကျစရိတ်များကိုလည်း အလှူရှင်ပြည်သူ မည်သူမဆိုပါဝင် လှူဒါန်းကျွေးမွေးနိုင်ကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)


