ဗန်းမော်  ၁၃   ဇွန်  


ကချင်ပြည်နယ် ဗန်းမော်မြို့ သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသင်းနှင့် ဆရာမများ၊ သင်တန်းသား သင်တန်းသူများတို့သည်  ဇွန် ၁၂ ရက် မွန်းလွဲ ၁ နာရီက ဗန်းမော်မြို့နယ် စင့်ကင်ကျေးရွာ ရွာလယ်ဇရပ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဟောပြောပွဲသို့ ကျေးရွာသူကျေးရွာသားများ(၁၂ဝ)ဦးခန့် တက်ရောက်ခဲ့ကြကာ စင့်ကင်ကျေးရွာမှ ရာအိမ်မှူး ဦးသိန်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး ဗန်းမော်မြို့ သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသင်းက သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နှိမ်းနင်းရေးအကြောင်းကို အသိပညာပေးဟောပြောပြီး သူနာပြုသင်တန်းကျောင်းမှ ဒုတိယနှစ် သင်တန်းသား သင်တန်းသူများတို့က သွေးလွန်တုပ်ကွေး ရောဂါမဖြစ်စေရေးအတွက် သရုပ်ပြသ၍ အသိပညာပေးခဲ့ကြောင်း သိရသည်။


သျှမ်းကလေး(ဗန်းမော်)