နေပြည်တော် ၁၃ ဇွန်
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ကျင်းပခဲ့သည့် “ပျော်ရွှင်ဆင်နွှဲ တိုင်းရင်းသားရိုးရာပွဲ” ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန် ၁၆ ရက် နံနက် (၁၀)နာရီမှ မွန်းတည့် (၁၂)နာရီအထိ ရန်ကုန်မြို့ ပန်းပဲတန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ Pan Pacific Hotel ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
(လူမော်)


