၁၃ ဇွန်

ဂျပန်နိုင်ငံမှာ အရက်သေစာသောက်သုံးပြီး ဒရုန်းစက်ပစ္စည်း သုံးပါက ထောင်ဒဏ် ၁ နှစ်အထိကျခံနိုင်တဲ့ ဥပဒေသစ်ကို ဒီကနေ့ ပြဌာန်းလိုက်ကြောင်း သိရပါတယ်။ အခုနှစ်ပိုင်းအတွင်း ဒရုန်းစက်ပစ္စည်းဟာ ဂျပန်နိုင်ငံမှာ ခေတ်စားနေတဲ့ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ 

 

2018

 

ဒရုန်းကြောင့် မတော်တဆမှုတွေ ဖြစ်ပွားပြီးနောက် အောက်လွှတ်တော်က ဒရုန်းအလေးချိန် ၂၀ဝ ဂရမ်ကျော်ရှိတဲ့ ဒရုန်းဟာ ဟိုရောက်ဒီရောက် ပျံသန်းနေသလိုမျိုး လွှတ်ခဲ့ရင် ဒဏ်ကြေး ဂျပန်ယမ်း သုံးသိန်း (အမေရိကန်ဒေါ်လာ ၂၇၅၀) ပေးဆောင်ရမှာဖြစ်သလို ဒရုန်းကိုအန္တရာယ်ရှိနိုင်တဲ့ အမြင့်ကနေ အောက်ကိုစိုက်ထိုးပြီး ပျံသန်းသလိုမျိုး အသုံးပြုခဲ့ရင် ယမ်းငွေငါးသိန်း ဒဏ်ကြေးတပ်နိုင်တဲ့ ဥပဒေကို ပြဌာန်းလိုက်ပါတယ်။ 

 

00315

 

အရက်သေစာသောက်သုံးပြီး ဒရုန်းကို သုံးခြင်းဟာ အရက်သောက်ပြီး ကားမောင်သလိုမျိုး ဖြစ်တယ်လို့ ဂျပန်အစိုးရအနေနဲ့ ယုံကြည်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

ဝန်ကြီးချုပ်ရုံးဝန်းကျင်နဲ့ နန်းတော်တဝိုက်မှာလည်း ဒရုန်းသုံးစွဲခွင့် မရှိသလို ပြီးခဲ့တဲ့လက ၂၀၂၀ တိုကျိုအိုလံပစ် ကွင်းဝန်းကျင်နဲ့ အမေရိကန်စစ်အခြေစိုက်ဝန်းကျင်မှာ ဒရုန်းသုံးစွဲခွင့်ကို တားမြစ်လိုက်ပါတယ်။ 
 
၂၀၁၇ ခုနှစ်က ဂျပန်နိုင်ငံ အိုဂါဂျီမြို့က စက်ရုပ်ပြပွဲမှာ စက်ရုံသုံးဒရုန်းကို ဒရုန်းကို ကျွမ်းကျွမ်းကျင်ကျင်သုံးနိုင်တဲ့ သူကသုံးခဲ့ပေမယ့် ပေ ၃၀ အမြင့်ကနေ မြေပြင်ကိုပြုတ်ကျရာ လူ ၆ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ 

MDN
ကိုးကား -AFP