၁၃ ဇွန်

အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီနှင့် ဂျပန်ဝန်ကြီး ရှင်ဇိုအာဘေးတို့အကြား ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့သည့် အစည်းဝေးပွဲမှာ အဓိပ္ပာယ်ရှိကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းဝန် ယိုရှီဒါဆူဂါက ပြောကြားသည်။

 

j22

 

ဒေသအတွင်း တင်းမာမှုများ လျော့ပါးစေရန်အတွက် အာဘေးက အီရန်နိုင်ငံကို တိုက်တွန်းခဲ့ကြောင်း ယနေ့ နံနက်ပိုင်းက သတင်းထောက်များကို ဆူဂါက ပြောကြားခဲ့သည်။ 

အီရန်နိုင်ငံသည် သဘောတူညီချက်များကို လိုက်နာမည်ဟု မျှော်လင့်မိပါကြောင်း နျူကလီးယား သဘောတူညီချက်များနှင့် ပတ်သက်ပြီး ဂျပန်နိုင်ငံသည် အပြောင်းအလဲမရှိကြောင်း ရှင်ဇိုအာဘေးက ပြောကြားသည်။

ရှင်ဇိုအာဘေးသည် နောက်ကျင်းပမည့် အစည်းအဝေးပွဲတွင် အီရန်နိုင်ငံခေါင်းဆောင် အယာတိုလာ ခါမေနီနှင် အမြင်ချင်းဖလှယ်ရန် မျှော်လင့်နေကြောင်း ဆူဂါက ပြောကြားခဲ့သည်။ 

အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံအကြား မပြေလည်မှု ဆောင်ရွက်ပေးရန် အာဘေး၏ ခရီးစဉ်က ရည်ရွယ်ကြောင်း ဆူဂါက ပြောကြားခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်