၁၃ ဇွန်

နှစ်နိုင်ငံခေါင်းဆောင်များကြား ပထမဦးဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲပြီးနောက် တစ်နှစ်အကြာတွင် ၄င်းအနေဖြင့် မြောက်ကိုရီးယားနိုင်ငံနှင့် နျူကလီးယား သဘောတူညီချက်ကို အလျင်စလိုပြုလုပ်မည် မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားသည်။

 

z2

 

နှစ်ဦးနှစ်ဘက် အပြန်အလှန်ယုံကြည်မှုဖြင့် ရှေ့ဆက်ရန်အတွက် ဆွေးနွေးပွဲ တစ်နှစ်ပြည့်မြောက်သည့်နေ့တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းထံမှ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ထံသို့ စာတစ်စောင် ပေးပို့ခဲ့သည်။

၄င်းအနေဖြင့် နှစ်လိုဖွယ်ကောင်းသည့် စာတစ်စောင်ကို ၄င်းလက်ခံရရှိခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်တွင် သတင်းထောက်များကို ထရန့်က ပြောကြားခဲ့သည်။ စာထဲမှာပါရှိသည့် အကြောင်းအရာများကို ထရန့်က ပြောကြားခြင်းမရှိခဲ့ပေ။

ထရန့်နှင့် ကင်၏ ဆက်ဆံရေးသည် အလွန်ကောင်းမွန်ကြောင်း သို့သော်လည်း  ၄င်းနှင့်ကင်ကြားတွင် မည်သို့ဆက်ဖြစ်မည်ကို စောင့်ကြည်မည်ဟု ဆိုသည်။  

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နျူကလီးယားကို မဖျက်သိမ်းလျှင် ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးမည် မဟုတ်ဆိုသော အမေရိကန်နိုင်ငံ၏ ရပ်တည်ချက်ကို ပို၍ စိတ်ပျက်မိကြောင်း မြောက်ကိုရီးယားက ဆိုသည်။

ပြုံးယမ်းအနေဖြင့် စိတ်ရှည်သည်းခံခြင်းသည် အတိုင်းအတာရှိကြောင်း ယခုလအစောပိုင်းက ထုတ်ပြန်သည့် ကြေညာချက်တစ်ခုတွင် မြောက်ကိုရီးယားနိုင်ငံက ဖော်ပြထားသည်။ မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားလျော့ချရေးအတွက် အပြည့်အဝလုပ်ဆောင်ရန် ပြင်ဆင်ထားခြင်း ရှိမရှိကို အမေရိကန်ပြည်ထောင်စုက စောင့်ကြည့်မည်ဟု ဆိုသည်။

ကိုးကား-အန်အိတ်ချ်ကေ 
ဘာသာပြန်-မေဇော်ထက်