မြင်းမူ ၁၃ ဇွန်
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့(OIE)တို့ ပူးပေါင်းဆောင်ရွက်လျှက်ရှိသော ကျွဲ၊ နွား တိရစ္ဆာန်များ ခွာနာ လျှာနာ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်း ဇွန်လ(၅)ရက်နေ့မှစ၍ ထိုးနှံပေးလျှက်ရှိကြောင်း သိရှိသည်။
`ယခုကျွဲ နွားကာကွယ်ဆေးထိုးပေးတာကဆဋ္ဌမအကြိမ်ဖြစ်ပါတယ်၊ ကာကွယ်ဆေးထိုးနှံပေးတဲ့အချိန်ကစပြီး ယခုအချိန်ထိ မြို့နယ်အတွင်းမှာ ခွာနာ၊ လျှာနာ ရောဂါမရှိသလောက်ဖြစ်ပြီး ဒေသခံတောင်သူတွေအတွက် အလွန်အကျိုးရှိပါကြောင်း မြို့နယ်အတွင်းမှာ ဆေးထိုးခြင်းလုပ်ငန်းကို အခုဇွန်လ(၅)ရက်နေ့ကစပြီး ထိုးနှံပေးနေတာဖြစ်ကြောင်း မြို့နယ်မွေး/ကုဦးစီးဌာန ဦးစီးမှူး ဒေါက်တာမြင့်မြင့်ဌေး ကပြောပြသည်။

ယနေ့အထိ မြို့နယ်အတွင်းရှိ ကျေးရွာ(၅၃)ရွာမှ ကျွဲ နွား (၈၁၈၃)ကောင်ကို ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ဆေးထိုးနှံပြီးအမှတ်အသားအဖြစ် ကျွဲ၊ နွားများ၏ ဘယ်ဘက်နားတွင် (Ear Tag)နားကပ်များ တပ်ဆင်ပေးထားပြီး တိရစ္ဆာန်ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများအပြင် အသိပညာပေး ဆွေးနွေးခြင်း လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ပြုလုပ်ပေးကြောင်း သိရသည်။
မြင်းမူမြို့နယ်အနေဖြင့် ကျေးရွာပေါင်း(၇၈)ရွာမှ ကျွဲနွားကောင်ရေ(၁၂၀ဝ၀)ခန့်ကို ဇွန်လ(၁၆)ရက်နေ့အပြီး ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)
