ချောင်းဆုံ    ၁၃  ဇွန်


မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း တီဘီရောဂါ စမ်းသပ်ရှာဖွေကုသရေး အခမဲ့ ဆောင်ရွက်ပေးခြင်းကို ဇွန် ၁၇ ရက်မှ ၂၁ ရက်အထိ ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် ဇွန် ၁၇ ရက်တွင် မုဒွန်းကျေးရွာရှိ ကျေးလက်ကျန်းမာရေး ဌာနတွင်လည်းကောင်း၊ ဇွန် ၁၈ ရက်တွင် ကလွီကျေးရွာရှိ ဓမ္မာရုံတွင် လည်းကောင်း၊ ဇွန် ၁၉ ရက်တွင် ရွာလွတ်ကျေးလက် ကျန်းမာရေးဌာနတွင် လည်းကောင်း၊ ဇွန် ၂၀ ရက်တွင် မုရစ်ကလေး ကျေးလက်ကျန်းမာရေးဌာနတွင် လည်းကောင်း၊ ဇွန် ၂၁ ရက်တွင် သက္ကောနောက် ဘုန်းကြီးကျောင်းတွင် လည်းကောင်း နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ အခမဲ့ စမ်းသပ်စစ်ဆေး ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


အဆိုပါ တီဘီရောဂါ စမ်းသပ်ရှာဖွေရေးနှင့် ဆေးဝါးကုသခြင်းကို မွန်ပြည်နယ် တီဘီရောဂါ ရှာဖွေကုသရေးနှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။


MDN