ဘိုကလေး ၁၃ ဇွန်


    
ကျောင်းသား ကျောင်းသူများ စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရေးနှင့် ကိုယ်လက်ကြံ့ခိုင်မှုရှိစေရေးကိုရည်ရွယ်၍ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့မွန်းလွဲ ၂ နာရီ၌ ဂိမ်းပြိုင်ပွဲများ ကျင်းပသည်။

 

ကျင်းပရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ဆင့်ကမ်း ပူဖောင်းပစ် ကစားနည်း၊ ခါးလှည့်ကွင်းကစားနည်းတို့ဖြင့် ကြီးမှူးကျင်းပခြင်းဖြစ်ပြီး  မြို့နယ်တွင်းရှိ ကျောင်းသား ကျောင်းသူ ၂၀  ပါဝင်ယှဉ်ပြိုင်ကြကြောင်းနှင့် ဆုရရှိသူများအား မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဦးတင်ရွှေမှ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မိုးစက်(ဘိုကလေး)

 

9ewi0j