နေပြည်တော် ၁၃ ဇွန်
မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက် ကျင်းပသည်။
ယနေ့ပြပွဲတွင် ကျောက်စိမ်း အတွဲအမှတ် (၂၁၀၁)မှ (၃၁၀၈)အထိ ကျောက်စိမ်း အတွဲပေါင်း ၁၀ဝ၈ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ၉၇၅ တွဲကို ငွေကျပ် ၂၀ဝ၅၇ ဒသမ ၇၃၄ သန်းဖြင့် ရောင်းချနိုင်ခဲ့သည်။
အဆိုပါ ပြပွဲကို ဇွန် ၈ ရက်တွင် စတင်ကျင်းပခဲ့ပြီး ဇွန် ၁၀ ရက်တွင် ကျောက်မျက်အတွဲ ၂၆၀ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ကျောက်မျက် အတွဲ ၄၉ တွဲကို ငွေကျပ် ၃၆၂ ဒသမ ဝ၉၉ သန်းဖြင့်လည်းကောင်း၊ ဇွန် ၁၁ ရက်တွင် ကျောက်စိမ်းအတွဲ အမှတ် ၁ မှ ၁၀၅၀ အထိ အတွဲပေါင်း ၁၀၅၀ တွဲကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲ ၁၀၃၈ တွဲကို ငွေကျပ် ၁၈၈၀ဝ ဒသမ ၁၆၅ သန်းဖြင့် လည်းကောင်း၊ ဇွန် ၁၂ ရက်တွင် ကျောက်စိမ်းအတွဲ အမှတ် (၁၀၅၁) မှ (၂၁၀ဝ) အထိ အတွဲပေါင်း ၁၀၅၀တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲ ၉၉၈ တွဲကို ငွေကျပ် ၂၁၆၇၁ ဒသမ ၉၇၉ သန်းဖြင့်လည်းကောင်း ရောင်းချနိုင်ခဲ့သည်။
ယနေ့အထိ ကျောက်မျက်အတွဲ စုစုပေါင်း ၄၉ တွဲနှင့် ကျောက်စိမ်းအတွဲ စုစုပေါင်း ၃၀၁၁ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် အောင်မြင်စွာ ရောင်းချနိုင်ခဲ့ပြီး ညနေ ပိုင်းတွင် မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။
မြန်မာကျပ်ငွေဖြင့် ရောင်းချပေးသည့် ကျောက်မျက်ရတနာပြပွဲကို ပြည်တွင်း ကုန်သည်ငယ်များ ကုန်ကြမ်းရရှိရန်နှင့် လုပ်ငန်းရှင်များ ဝင်ငွေ ရရှိရန်အတွက် ရည်ရွယ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်းနှင့် ပြပွဲတွင် ပုတီး၊ လက်ကောက်များ ပြုလုပ်နိုင်ရန်တွက် အရွယ် အစားနှင့်အမျိုးအစား စုံလင်သည့် ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
သတင်း- မော်စီ
ဓာတ်ပုံ- ထိန်နန်နော်