ကဝ ၁၃ ဇွန်
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ သက္ကလမြို့ရှိ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာရေးစခန်း (Agricultural Community Learning Center) တွင် ဇွန် ၁၀ ရက် နံနက်ပိုင်းတွင် တောင်သူပညာပေးသင်တန်းကို ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲတွင် ကဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း လယ်ယာမြေကိစ္စဆိုင်ရာ ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌဦးမျိုးခိုင် တို့က အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ထွန်းဦးနှင့် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းတို့က သင်တန်းတက်ရောက်လာသော တောင်သူများအား စိုက်ပျိုးရေးပညာပေး စာစောင်များပေးအပ်ပြီး တိုင်း/ ခရိုင်ဘာသာရပ်ဆိုင်ရာ တာဝန်ခံများက သင်တန်းပို့ချကြသည်။
ယင်း တောင်သူပညာပေးသင်တန်းသို့ သင်တန်းသူ/ သင်တန်းသား ၇၀ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)