နေပြည်တော် ၁၃   ဇွန်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖိလစ်ပိုင်လေတပ်ဦးစီးချုပ် Lt. Gen. Rozzano D Briguez AFP အား နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆိုင်ရာကိစ္စရပ်များ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ရေး၊ လေတပ်ဆိုင်ရာ အတွေ့အကြုံများနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အတွေ့အကြုံများ အပြန်အလှန်ဖလှယ်ရေး၊ လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များနှင့် တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးအတွက် အဆင့်အလိုက် ချစ်ကြည်ရေး ခရီးစဉ်များအပြန်အလှန် လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

 

mdn

 

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Eamon Gilmore အား နံနက်ပိုင်း တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။


ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြာင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

(သတင်းစဉ်)