လန်ဒန် ၁၄ ဇွန်
ဗြိတိန်နိုင်ငံ ဝတ်စတာရှိုင်းယား မှာ နေထိုင်တဲ့ အသက် ၁၁၂ နှစ် အရွယ် ဂရော့စ်ဂျုံးဟာ ပြီးခဲ့တဲ့ သောကြာနေ့က ကွယ်လွန်ခဲ့ပါတယ်။
အဖွားဂျုံးကို ဘုရင်မကြီး ဗစ်တိုးရီးယား ကွယ်လွန်ပြီး ၅ နှစ်မြောက်၊ ၁၉၀၆ ခုနှစ် စက်တင်ဘာ ၆ ရက်မှာ မွေးဖွားခဲ့ပါတယ်။ အဖွားဂျုံးရဲ့ သက်တမ်းတစ်လျှောက် (၁၁၂ နှစ် ၉ လ) မှာ ဗြိတိန်တော်ဝင်မင်းဆက် ၅ ဆက်နဲ့ ဝန်ကြီးချုပ်ပေါင်း ၂၆ ယောက် လက်အောက်မှာ နေခဲ့ဖူးတယ်လို့ သိရပါတယ်။

ဂျုံးဟာ လီရိုနာတ် ဂျုံး နဲ့ ၁၉၃၃ ခုနှစ်က လစ်ဗာပူးမြို့မှာ လက်ထပ်ခဲ့ပြီး ခင်ပွန်းသည်ဟာ အသက် ၇၉ နှစ် ၁၉၈၆ မှာ ကွယ်လွန်ခဲ့ပါတယ်။ သူတို့ရဲ့ လက်ထပ်သက်တမ်း ၅၃ နှစ်မှာ သမီးတစ်ဦး ထွန်းကားခဲ့ပါတယ်။ သမီး ဒီဒရာ မက်ကာသီ ဟာ အခုဆိုရင် အသက် ၈၁ နှစ်ရှိပြီဖြစ်ပါတယ်။ ဒီဒရာက “သူ့အမေဟာ သူငယ်စဉ်က ညစဉ် နိုင်ငံရဲ့ သမိုင်းကြောင်းကို မပြောပြတဲ့ညမရှိကြောင်း ၊ ဒါကြောင့် သူအမေဟာ သမိုင်းကြောင်းနဲ့ ပတ်သက်တဲ့ လက်ဆောင်တစ်ခုဖြစ်တယ်လို့ ” သူ့သူငယ်ချင်းတွေကို ပြောပြဖြစ်ကြောင်း လွမ်းဆွတ်စွာ ပြောပြပါတယ်။
MDN