မန္တလေး  ၁၄   ဇွန် 

 

မန္တလေးခရိုင် ချမ်းမြသာစည်မြို့ရှိ အထက ၃၀ တွင် သံလွင်မြန်မာ ရွေ့လျားစာကြည့်တိုက်ဖြင့် ဇွန် ၁၄ ရက်က စာအုပ်များအခမဲ့ ငှားရမ်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ ရွေ့လျားစာကြည့်တိုက်သို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိုင်းလှသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်၊ ဦးမြင့်အောင်မိုး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးဒေါ်ဝေဝေဖြိုး၊ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

 

' စာအုပ်တွေ ဖတ်ရတာ ပျော်တယ်။ သားကြိုက်တဲ့ အမေးအဖြေ စာအုပ်လေးတွေလည်း ပါတယ်။ တခြား ကာတွန်း စာအုပ်လေးတွေလည်း အစုံပါတော့ သဘောကျပါတယ် ' ဟု အထက (၃၀) စတုတ္ထတန်းတွင် ပညာသင်ကြားနေသော မောင်သက်ပိုင်ဦးက ပြောသည်။

 


' နောက်ထပ် မိုဘိုင်းကားတစ်စီးနဲ့ နောက်ထပ်နေရာတွေ သွားပြီးစာအုပ်ငှားပေးနိုင်အောင် စီစဉ်ထားပါတယ်။ စာအုပ်တွေ အပ်တဲ့အချိန်မှာ စာအုပ်အကြောင်း ပြန်မေးပြီး ငှားထားတဲ့ စာအုပ်ကို ဖတ်မဖတ် စစ်ဆေးမှုပြုလုပ်ပါတယ် ' ဟု သံလွင်မြန်မာရွေ့လျားစာကြည့်တိုက် မန်နေဂျာ ဒေါ်ခင်ထားထားဝင်းက ပြောသည်။

 

ရွေ့လျားစာကြည့်တိုက်တွင် စာအုပ်ပေါင်း ၅၀ဝ၀ ကျော်ရှိပြီး ကျောင်းသား၊ ကျောင်းသူတစ်ဦးလျှင် စာအုပ်တစ်အုပ်ကျ တစ်ပတ်ကြာ ငှားရမ်းပေးလျက်ရှိကြောင်းနှင့် မန္တလေးခရိုင်အတွင်းရှိ စာသင်ကျောင်း ၃၈ ကျောင်းကို လှည့်လည်ငှားရမ်းပေးပြီး စာငှားသူများ တိုးပွားကာ ကျောင်းသား ကျောင်းသူများ အထူးစိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။ 

 

တင်ဇာလှိုင် (ပြန်/ဆက်)

 

MG_20190