ဆိပ်ဖြူ  ၁၄   ဇွန်  

 

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းကို ဇွန်လ ၁၄ ရက်နေ့ နံနက် ၈ နာရီက ဗိုလ်ချုပ်လမ်းတွင် ပြုလုပ်သည်။

 

အဆိုပါအသိပညာပေးလုပ်ငန်းကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ ဦးစီး၍ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက အသိပညာပေးလက်ကမ်းစာစောင်များ၊ ရောင်ပြန်စတေကာများကပ်၍ အသိပညာပေးလုပ်ငန်များ ဆောင်ရွက်ကြောင်း သိရှိရသည်။

 

စိုးလင်းနိုင်( IPRD)

 

IMG_20