ကသာ ၁၄ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းသားသမီးများအား ကျောင်းဝတ်စုံနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ကသာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင် (၃) ဦးအတွက် ဂုဏ်ထူးရရှိသူ (၁) ဦးလျှင် ငွေကျပ် ၆ဝဝဝဝ နှုန်း၊ ရိုးရိုးအောင်မြင်သူ (၂) ဦး တစ်ဦးလျှင် ၅ဝဝဝဝ နှုန်း၊ ၂၀၁၉- ၂၀၁၂၀ ပညာသင်နှစ်အတွက် အထက်တန်းအဆင့် (၁၀) ဦး အတွက် တစ်ဦးလျှင် ၁၅ဝဝဝ နှုန်း၊ အလယ်တန်းအဆင့် (၅) ဦး တစ်ဦးလျှင် ၁ဝဝဝ နှုန်း၊ မူလတန်းအဆင့် (၁၀) ဦးအတွက် တစ်ဦးလျှင် ၇၅ဝဝ နှုန်း၊ KG တန်းအတွက် (၆) ဦးအတွက် တစ်ဦးလျှင် ၅ဝဝဝ နှုန်း ဖြင့် စုစုပေါင်း (၃၄) ဦးအတွက် ဗလာစာအုပ်၊ ဘောပင်၊ ထောက်ပံ့ငွေ၊ ကျောင်းဝတ်စုံ၊ ရောင်စုံထီးများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူရစိုး၊ ဒုတိယဦးစီးမှူး ဦးဇော်မြင့်တို့မှ အသီသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်းကို ကသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ဟန်မျိုးကျော် (ကသာ)
