ညောင်ဦး ၁၄ ဇွန်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်အတွင်းရှိ တပ်ဖွဲ့ဝင်များကို ပြည်သူ့အကျိုးပြု ရဲလုပ်ငန်းများ ထိရောက်စွာ ကူညီဆောင်ရွက်ပေးနိုင်ရန်နှင့် လက်နက်များကိုင်ဆောင်၍ တာဝန်ထမ်းဆောင်ရာ၌ ခေတ်မီလက်နက်များ စနစ်တကျ ထားသိုထိန်းသိမ်းနည်းနှင့် ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြု ပစ်ခတ်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် ခေတ်မီလက်နက်များ စနစ်တကျ ထားသိုထိန်းသိမ်းနည်းနှင့် ကျွမ်းကျင်စွာကိုင်တွယ် အသုံးပြု ပစ်ခတ်နည်း(ဆင့်ပွား)သင်တန်းဆင်းပွဲကို ဇွန် ၁၄ ရက်၊ ယနေ့နံနက် ၉ နာရီက ညောင်ဦးခရိုင် ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် ညောင်ဦးခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး စိန်ဝင်းက တပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ဖြင့် တာဝန်ထမ်း ဆောင်ရာ၌ အမှားအယွင်းမဖြစ်စေရေး သင်တန်းမှလေ့လာသင်ယူခဲ့ရသည့် သင်ခန်းစာများကို လက်တွေ့အသုံးချပြီး ဥပဒေလုပ်ထုံးလုပ် နည်းများနှင့်အညီ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သွားကြစေလိုကြောင်း ရှင်းလင်းဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲသို့ ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး စိန်ဝင်း၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ထွန်း၊ ညောင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မြင့်ငွေ၊ ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး(ဦးစီး)ဒုရဲမှူး ကျော်စွာဦး၊ ဒုရဲမှူး(ရေး/ထောက်)ဒုရဲမှူး ခင်မောင် ထွေး၊ ဒုရဲမှူး(မှူးခင်းမှတ်တမ်း)ဒုရဲမှူး မျိုးဝင်း၊ ညောင်ဦးမြို့မရဲစခန်းမှူး ဒုရဲမှူး မင်းနိုင်၊ ခရိုင်အတွင်းရှိ နယ်မြေရဲစခန်းမှူးများနှင့် ရဲကင်းစခန်းမှူးများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား တပ်ဖွဲ့ဝင် အရာရှိ ၂ ဦး၊ အခြား အဆင့် ၁၈ ဦး၊ စုစုပေါင်း သင်တန်းသား ၂၀ ဦးတို့ တက်ရောက်ခဲ့ကြပြီး၊ သင်တန်းအား ဇွန် ၃ ရက်နေ့မှ ၁၄ ရက်နေ့ အထိ ရက်သတ္တပတ် (၂)ပတ်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)