ကြာသပတေးနေ့က ဟော်မုဇ်ရေလက်ကြားတွင် ဂျပန်နိုင်ငံနှင့်ပတ်သက်သည့် ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ်နှစ်စင်းကို တိုက်ခိုက်ခံရပြီးနောက် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲတွင် စွမ်းအင်လုံခြုံရေး၏ အရေးပါမှုကို ထင်ရှားစေရန် ဂျပန်နိုင်ငံက မျှော်လင့်လျက်ရှိသည်။ 

 

အဆိုပါ ရေလက်ကြားသည် အရှေ့အလယ်ပိုင်းအတွက် အဓိက မဟာဗျူဟာကျသည့် ကမ္ဘာလုံးဆိုင်ရာ ကုန်ပစ္စည်းများ တင်ပို့ရောင်းချသည့် ရေလမ်းလည်းဖြစ်သည်။ ဂျပန်နိုင်ငံသည် ရေနံစိမ်းတင်သွင်းမှု၏ ၉၀ရာခိုင်နှုန်းအတွက် အရှေ့အလယ်ပိုင်းကို မှီခိုနေရသည်။ 

 

စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးများသည်  ဂျီ-၂၀ အစည်းအဝေးကို ဂျပန်နိုင်ငံက သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ ဂျပန်နိုင်ငံ နာဂန်နိုစီရင်စု၊ Karuizawa မြို့တွင် နှစ်ရက်ကြာ ကျင်းပမည့် အဆိုပါ ဆွေးနွေးပွဲကို စနေ့နေ့တွင် ဖွင့်လှစ်မည်ဖြစ်သည်။ 

 

အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်၊ ရေနံထုတ်လုပ်သူများနှင့် အီရန်နိုင်ငံတို့အကြား တင်းမာမှုများ မှာ မြင့်တက်နေချိန်အတွင်း အစည်းအဝေးကျင်းပမည်ဖြစ်သည်။ ဆော်ဒီအာရေဗျ အပါအဝင် အခြား အဓိကျသည့် အရှေ့အလယ်ပိုင်းက ရေနံထုတ်လုပ်သူများကလည်း ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြ မည်ဖြစ်သည်။ 

 

ဆွေးနွေးပွဲ၏ ဒုတိယနေ့ရက်တွင် အဆိုပါ ဝန်ကြီးများ၏ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ရန် စီစဉ်ထားသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်