၁၄ ဇွန် 

 

တရုတ်နိုင်ငံ တောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်တွင် ယမန်နေ့ နေ့ခင်း ၂ နာရီ က မိုးသည်းထန်စွာ ရွာသွန်းသဖြင့် လမ်းများ ပျက်စီးပြီး နေအိမ်များ ပြိုကျကာ လူပေါင်း ၁၃ ဦး သေဆုံးခဲ့ပြီး နှစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

 

ဟီယူအန် မြို့သည် မိုးသက်မုန်တိုင်း သီတင်းပတ်တစ်ပတ်ကျော်ကြာ ဆက်လက်ရွာသွန်းမှုကို အဆိုးရွားဆုံးခံရသော ဒေသများတွင် ပါဝင်ပြီး နေအိမ် ၄၀ဝ၀ ကျော် ပျက်စီးခဲ့ကာ လူပေါင်း ၂၈၀ဝ၀ဝ ကျော် ထိခိုက်ခဲ့ကြကြောင်း ဒေသန္တရ သတင်းဌာနက ထုတ်ပြန်ချက်အရ သိရသည်။         

 

ဘေးဒဏ်ခံစားခဲ့ရသော ဟီယူအန် မြို့သို့ ဂွမ်းစောင် ၇၁၀ဝ ထည်  ၊ ရွက်ဖျင်တဲ အလုံးပေါင်း ၄၅၀ ၊ ခေါက်ကုတင် အလုံး ၄၀ဝ နှင့် အခြားဘေးအန္တရာယ် ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ခဲ့သည်။
ဟီယူအန်မြို့တွင် လျှပ်စစ်ဓါတ်အားပြန်လည်ရရှိရန် ဂွမ်ဒေါင်း လျှပ်စစ်ဓါတ်အား ကော်ပိုရေးရှင်းက ဝန်ထမ်းများ ၊ ယာဉ်များဖြင့် လုပ်ဆောင်ပေးခဲ့သည်ဟု ပြောကြားခဲ့သည်။

 

ဟီယူအန် မြို့နေရာအများစုတွင် လျှပ်စစ်ဓါတ်အား၊ ရေ ထောက်ပံ့မှုများနှင့် ဆက်သွယ်ရေးကွန်ယက် တို့ ပြန်လည်ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပြည်နယ်မိုးလေဝသဆိုင်ရာ တာဝန်ရှိသူများက သောကြာနေ့မှစတင်ကာ မိုးရွာသွန်းမှု အားလျော့သွားမည် ဖြစ်ကြောင်း ယမန်နေ့က ကြိုတင်ခန့်မှန်းခဲ့ကြသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို