နေပြည်တော် ၁၄ ဇွန်
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ ဂိမ်းဆိုင်၌ မသင်္ကာမှုဖြင့် ဖမ်းဆီးခြင်းမဟုတ်ဘဲ ခိုက်ရန်ဖြစ်ပွားသောအမှု၌ ပါဝင်သည်ဟု စွပ်စွဲပြီး ဖမ်းဆီးခံရခြင်း၊ အမှုနှင့် သက်ဆိုင်ခြင်းမရှိဘဲ မတရားဖမ်းဆီးပြီး ညှဉ်းပန်း နှိပ်စက်ကာ ငွေကြေးတောင်းခံခဲ့သည့် ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များအား စိစစ်အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃) နယ်မြေရဲစခန်း (ပ)၃၄၉/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၁၁၄ အမှုကိစ္စနှင့်ပတ်သက်၍ ချမ်းအေးသာစံမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်အနေဖြင့် အမှုကိစ္စ အဆင်ပြေစေရန် တရားခံ၏ဖခင်ထံမှ ငွေကျပ်(၂)သိန်း၊ စခန်းမှူး ရဲအုပ်ကျော်သူက တရားခံ၏ဖခင်ထံမှ အမှုသက်သာစေရန် ငွေကျပ်(၂)သိန်းနှင့် အိုးဘိုအကျဉ်းထောင်မပို့ရန်အတွက် ငွေကျပ်(၂) သိန်း၊ အမှုစစ် ဒုရဲအုပ် ထွန်းထွန်းလင်းက တရားခံ၏ ဖခင်ထံမှ တရားခံအား မညှဉ်းပန်းမနှိပ်စက်ရန်နှင့် အမှုကိစ္စအဆင်ပြေရန် ငွေကျပ် ၁၅၀ဝ၀ဝိ/- နှင့် ဖမ်းဆီးသိမ်းဆည်းထားသော ဆိုင်ကယ်ပြန်လည်ရရှိရေးအတွက် ငွေကျပ် ၂၅၀ဝ၀ဝိ/- တို့ကို လက်ခံရယူခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ရဲမှူးသိန်းနိုင် (ယခု ဒုတိယခရိုင် ရဲတပ်ဖွဲ့မှူး ဥတ္တရခရိုင် ရဲတပ်ဖွဲ့မှူးရုံး)၊ ရဲအုပ် ကျော်သူ(ယခု ကမ္ဘာလှည့် ခရီးသွား လုံခြုံရေး ရဲတပ်ဖွဲ့)၊ ဒုတိယရဲအုပ် ထွန်းထွန်းလင်း တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။
(သတင်းစဉ်)