ရွှေဘို ၁၅ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ယနေ့ နံနက် ၁၀ နာရီက ရွှေဘိုခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဘို-မြစ်ကြီးနား ကားလမ်းဘေးရှိ “မေတ္တာရိပ်” အမျိုးသမီးစောင့်ရှောက်ရေးနှင့်အသက်မွေးဝမ်းသင်တန်းကျောင်းတွင် သင်တန်းဆောင်များ ဆောက်လုပ်နေမှု အခြေအနေများအား လည်းကောင်း၊ ရွှေဘိုနှင့် စစ်ကိုင်း ခရိုင်ချင်းဆက်သွယ်ထားသော လမ်းဘေးရှိ ရွှေဘိုမြို့နယ် ကွင်းအမှတ် ၂၇၁၀(က)၌ တည်ဆောက်မည့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးစခန်း မြေနေရာအား လည်းကောင်း၊ ရွှေဘိုမြို့ ရန်ကြီးအောင် အားကစားကွင်းတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်၊ MPTတို့နှင့် ပူးပေါင်းကျင်းပမည့် MFF-MPT Grassroots Football Festival U-14 ဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန်အတွက် ဘောလုံးကွင်း ကြိုတင်ပြင်ဆင်နေမှု အခြေအနေများအား လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထွန်းကိုကို(ယင်းမာပင်)