လှည်းကူး ၁၅ ဇွန်
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် သမဝါယမကောလိပ်(ဖောင်ကြီး)တွင် (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ် မိုးရာသီကာလ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန် ရည်ရွယ်၍ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက သမဝါယမကောလိပ်(ဖောင်ကြီး)ရှိ ကျောင်းဓမ္မာရုံနောက်ကျောဘက် မြေကွက်လပ်တွင် စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။
၂၀၁၉ ခုနှစ် မိုးရာသီကာလ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ စိုက်ပျိုးရေးမွေးမြူရေးနှင့် သမဝါယမဦးစီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ငွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုး၊ အမှတ်(၁)စစ်အခြေခံ လေ့ကျင့်ရေးတပ် တပ်မှူး ဗိုလ်မှူးကြီး ဇော်မျိုးထွဋ်၊ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးတင်ထွဏ်း အပါအဝင် သစ်တောဝန်ထမ်းများ၊ သမဝါယမကောလိပ်ကျောင်းအုပ်ကြီး ဒေါက်တာတင်လဲ့လဲ့ဝင်းပါ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်းအင်အား(၅၀ဝ)ဦးခန့် တက်ရောက်ခဲ့ကြပြီး ကျွန်း၊ ပိတောက်၊ ခရေ၊ ကံ့ကော်၊ တမလန်း၊ မဟော်ဂနီ၊ ပျဉ်းကတိုး၊ ရေမနေ၊ မန်ဂျန်ရှားပျိုးပင် စုစုပေါင်း အပင် ၄၀ဝ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)